About Us |
Gandamar Wholesale တည်ဆောက်ခြင်းပြည်တွင်းဈေးကွက်တွင် အိမ်နီးချင်းတိုင်းပြည်များမှာကဲ့သို့ ခေတ်မီလက်ကားဈေး (Modern Wholesale) များမရှိသည့်အတွက် လိုအပ်ချက်အား အကောင်အထည်ဖော် ဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး UMEHL အဖြစ် တာဝန်ယူစဉ်က ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ ပါရမီယာဉ်ရပ်နားကွင်းတွင် ဆောက်လုပ်ရန် ညွှန်ကြားခဲ့ပါသည်။ မြေနေရာရရှိမှုကကထောက်၏ (၁၅.၉.၂၀၀၉) ရက်စွဲပါစာအမှတ် ၉၀၁/မသ/ထောက်၅က အရ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဝေဇယန္တာလမ်းထောင့်ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ (၅.၄၂၉) ဧကအား ဌားရမ်းအသုံးပြုခွင့် ရရှိခဲ့ပါသည်။ ရရှိသောမြေ အနေအထားအရ လုံလောက်မှုမရှိသဖြင့် တစ်ဆက်တည်းရှိသော မီးရထားပိုင်မြေ (၀.၆၂၀) ဧကအား ဌားရမ်းအသုံးပြုခွင့် ရရှိခဲ့ပါသဖြင့် စုစုပေါင်း (၆.၀၄၉) ဧက အကျယ်အ၀န်းပေါ်တွင် တည်ဆောက်သွားရန် စီစဉ်ခဲ့ပါသည်။ မူလမြေကွက်အခြေအနေတည်ဆောက်ရေးဆောင်ရွက်မည့်နေရာသည် ကန်စွန်းခင်းများဖြစ်၍ သဲဖို့ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ သဲကျင်းစုစုပေါင်း (၁၂၀၀၀) ကျင်းဖြည့်တင်းခဲ့ပါသည်။ (က) လုပ်ငန်းစတင်သည့်ရက် (၆.၁၀.၂၀၀၉) (ခ) လုပ်ငန်းပြီးဆုံးသည့်ရက် (၉.၁၂.၂၀၀၉) အဆောက်အဦးဆိုင်ရာအချက်အလက်များတည်ဆောက်ရေးလုပ်ငန်းများအား Asia Metal Construction (AMC) မှ တာဝန်ယူ၍ ဆောင်ရွက်ခဲ့ပါသည်။ (က) အဆောက်အဦး ပန္နက်ရိုက်သည့်နေ့ (၁၈.၂.၂၀၁၀) (ခ) လုပ်ငန်းစတင်သည့်နေ့ (၂၄.၂.၂၀၁၀) (ဂ) ပင်မအဆောက်အဦး (အလျား ၃၁၈.၉၁ ပေ ထ အနံ ၁၅၉.၄၆ ပေ ထ အမြင့် ၄၂ပေ ၆လက်မ)
(ဃ) စားသောက်ဆိုင် (၄) လုံး
(င) Car Parking အကျယ်အ၀န်း ၁၀၀၀၀၀ စတုရန်းပေ (၃၀၀ စီး) တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးမှုအခြေအနေအကြမ်းထည်တည်ဆောက်ရေးလုပ်ငန်း စုစုပေါင်း (၁၀၀%) ခန့် ပြီးစီးလျှက်ရှိပြီး အပြီးသတ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျှက် ရှိပါသည်။ အဆောက်အဦးများ ပြီးစီးမှုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (က) ပင်မအဆောက်အဦး အကြမ်းထည် (၁၀၀%) ပြီးစီးပြီဖြစ်ပြီး၊ အချောသတ်လုပ်ငန်းများဖြစ်သည့် ကြွေပြားခင်းခြင်း၊ (Glass Wall) မှန် နံရံများ ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ (ခ) စားသောက်ဆိုင်(၄)လုံး တည်ဆောက်မှုလုပ်ငန်းများ၊ ပြီးစီး၍ ဆိုင်ဖွင့်လှစ်မည့်သူများထံ အပ်နှံရေး ဆောင်ရွက်လျှက်ရှိပါသည်။ (ဂ) Tea Shop Foundation လုပ်ငန်းများ (၁၀၀%) ပြီးစီးပြီးဖြစ်ပါသည်။ အမိုးနှင့် Structure များအား (၂၅.၅.၂၀၁၁) ရက် အပြီး ဆောင်ရွက်သွားပါမည်။ (ဃ) ခြံစည်းရိုး, Car Parking, Driver Toilet, Main Drain, Culvert များ (၁၀၀%) ပြီးစီးပြီ ဖြစ်ပါသည်။ (င) ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများနှင့် အရံမီးစက်များ တပ်ဆင်ခြင်းလုပ်ငန်းများ (၁၀၀%) ပြီးစီးပြီ ဖြစ်ပါသည်။ (စ) ပင်မအဆောက်အဦးအတွင်း ဆောင်ရွက်လျှက်ရှိသော လုပ်ငန်းများ -
ရောင်းချမည့်ပစ္စည်းအမျိုးအစားများနှင့် ရောင်းချမည့်စနစ်Wholesale (လက္ကား) ရောင်းချမည့်စနစ်ဖြစ်၍ ဆိုင်ခန်းများ ဖွဲ့စည်းခြင်းမပြုဘဲ ကုန်ပစ္စည်းအမျိုးအစားအလိုက်စင် (Rack) များပေါ်တွင် ခင်းကျင်းခြင်း (Display) ပြုလုပ်သွားပါမည်။ |






